မျှော်လင့်အိပ်မက်
တကယ်တော့ အိပ်မက်ဆိုတာ
ငါ့အတွက်တော့ ငါ့ချစ်သူကို
လွတ်လပ်စွာ ချစ်လို့ရတဲ့
နေရာလေးပေါ့…………..
အိပ်ခါနီးတိုင်း ဘုရားရှိခိုး
ဆုတောင်းမိတာက
အိပ်မက်ထဲကို သူလာပါစေ…..
အိပ်မက်ထဲမှာ ချစ်သူလက်ကို
အကြိမ်ကြိမ်အခါခါ ကိုင်ပြီး
နွေးထွေးမှုတွေ ပေးနေတာလည်း
ကျွန်တော်ပါဘဲ……….
အိပ်မက်ထဲမှာ ချစ်သူခေါင်းကို
ပိတောက်ပန်းတွေ ပန်ဆင်ခဲ့တာလည်း
ကျွန်တော်ပါဘဲ……..
အိပ်မက်ထဲမှာ ချစ်သူကို
သင်္ကြန်ပထမ နဲ့ နောက်ဆုံးနေ့ထိ
မပျက်မကွက်ရေလောင်းခဲ့တာလည်း
ကျွန်တော်ပါဘဲ………
အိပ်မက်ဟာ ပြောင်းပြန်ဖြစ်ရင်တော့
ကျွန်တော်ချစ်သူကို ဘယ်သူရေလောင်းမလဲ
ဘယ်သူ ပန်ဆင်ပေးမလဲ………
ဒါပေမဲ့ ကျွန်တော်ကတော့
အိပ်ပျော်မဲ့ အချိန်ကိုစောင့်ရင်းနဲ့
အဲဒီအိပ်မက်ကိုဘဲ
မျှော်လင့်နေတုန်းပါ…………..
No comments:
Post a Comment