ရုပ်ကြွင်းသစ်ပင် ရှုပ်ထွေး
သိပ်သိပ် သည်းသည်း နှင်းလွင်ထဲက…
ငါ့နှလုံးသား ဆောင်းရာသီ ။
တလှပ်လှပ် တိုက်နေတဲ့ လေနဲ့
မြောက်ဘက် တောင်ကုန်းတစ်ဝိုက်
အအေး ကဲနေလေတော့ ….
ဝင်သက် ထွက်သက် အားလုံး အငွေ့ပျံ ၊
စည်းချက်မှန်ချင်တဲ့ နှလုံးအစုံက
အသက်ငင် ချင်နေရှာရောပေါ့ ။
အတောင်အလက် စုံချင်နေရှာတဲ့
ထွန်ယက်သူ မဲ့ လယ်တစ်ကွက်မှာ….
မမြင်ရသေးတဲ့ အသံလေးနဲ့
ဟိုး…ဝေးဝေးက လှမ်းလာနေတဲ့
ကမ်းလင့်မယ့် ..ငါ့ရဲ့ သူမ ရေ….
မင့် လက်ကလေးနွေးလို့
ထွေးနိုင် ပါ့မလား…..။ ။
No comments:
Post a Comment