Monday, April 28, 2008



စတင်ခြင်း
"__"
အဲဒီနေ့က မိုးတွေရွာနေတယ်
မိုးရေထဲမှာ"__" ကိုစတွေ့ခဲ့တယ်
"__" ရဲ့ရိုးသားတဲ့ မျက်ဝန်းတွေက
ဘယ်တော့မှ မရှင်သန်တော့ဘူးထင်တဲ့
ကိုယ့်နှလုံးသားကို လှုပ်နှိုးစေခဲ့တယ်............

ဘယ်သူနဲ့မှမတူတဲ့
"__" ရဲ့အမူအရာလေးက
ကိုယ့်နှလုံးသားကို သာယာစေခဲ့တယ်
"__"ရဲ့စကားပြောသံလေးတွေက
ကိုယ့်နှလုံးသားမှာ ပဲ့တင်ထပ်နေရဲ့
နောက်ဆုံးမှာ ကိုယ့်နှလုံးသားက
"message" ပို့လိုက်တာက
"__"ကို
အမြန်ဆုံးချစ်ခွင့် ပန်လိုက်ပါတဲ့..................

ကာရန်လေး

No comments: