
မပြောင်းလဲမှု
ချစ်သူ ငါ့နှလုံးသားမှာ
ငါကိုယ်တိုင် ရေးထိုးထားတဲ့
မင်းအမည်ကို ဖျက်ဖို့မကြိုးစားပါနဲ့
အဲဒါလေးတော့ တောင်းဆိုပါရစေ..............။
နာဂစ်တောင် ငါ့နှလုံးသားမှာ
အမြစ်တွယ်နေတဲ့ မင်းအမည်ကို
တွန်းလှန်မဆွဲထုတ်နိုင်ဘူး ချစ်သူ..........။
သမင်တွေ အသားစား
ကျားတွေသာ သတ်သတ်လွတ်စားမယ်
ငါမင်းအပေါ်မှာထားတဲ့ ငါ့အချစ်တွေက
မပြောင်းလဲဘူး ချစ်သူ.....................။
ချစ်သူ
ငါ့အသက်တာ သေသွားမယ်
ငါ့နှလုံးသားက မင်းအမည်ကတော့
ထာဝရ ရှင်သန်နေမှာပါ................။ ။
ကာရန်မဲ့နေတဲ့ကာရန်လေး
မအားတဲ့ကြားကကဗျာလေးရေးချင်တာနဲ့ရေးလိုက်တာပါ။ခံစားချက်သက်သက်တာရေးချင်
ပါ။တတ်လို့ရေးချင်းမဟုတ်ပါ။
No comments:
Post a Comment