ကဗျာစောင်းကိုပြင်
အရုဏ်တက်တွင်
တံမြက်လှည်းသော အဘိုး
ကြေးစည်ထိုးသော အဘွား
တရားအခွေဖွင့် သော သမီး
ပန်းဆီမီး သစ်သီးကပ်သော ဇနီး
ပုတီးစိပ် တရားမှတ်နေသောလင်
ပဲပြုတ်သည်မလေး၏ ပုံမှန်သံစဉ်နှင့် 
လူ့ ခွင့် လှုပ်ရှား နိုးကြားခဲ့ လေပြီ။
လာခြင်းကောင်းသော နေ့ သစ်သည်
ခေတ်သစ်ထူထောင်အံ့သောငှာ
မင်္ဂလာနံနက်ခင်းကို
ဖန်ဆင်းလေရော့ သလား မသိ။
ကဗျာဆရာသည်
မျှော်လင့် ချက်အပြည့် နှင့်  အရောင်တောက်နေသော
ပြောင်မြောက်သည့် ကလောင်ကို
တန်ဆောင်ဆီမီးညှိထွန်းလို၍
အလင်းကြီးတေးသံ
ကာရန်လှိုင်းအတက်အဆင်းတို့ ကို
ရင်တွင်းမှာတည်ဆောက်ဖန်တီးကာ
လူ့ ခရီးကိုအလစ်ချောင်း၍
ကဗျာစောင်းကိုပြင်လျက်ရှိချေ၏တကား။
No comments:
Post a Comment