Monday, April 28, 2008

“ ပြည် “

သမင်တံဆိပ်နဲ့

ခေတ္တရာယူနိုက်တက် ကလပ်အသင်းမှာ

အတောက်ပဆုံး အနုပညာရှင်နှစ်ယောက်

ဒီနှစ်မပါဝင်နိုင်တော့ဘူးဆိုတာ

မြစ်ကလည်းသိပါရဲ့

ဆေးရောင်စုံဖျော်စပ်ထားတဲ့ကဗျာတစ်ပုဒ်လို ဂန္ထ၀င်ဆန်ဆန်လှပ

ပဒေသရာဇ် ဇာတ်ကောင်

န၀ဒေး နဲ့ ရှင်နှောင်း တို့ဝိညာဉ်များစီးမျောရာ

ပျူယဉ်ကျေးမှု့ကျူဗစ်ဇင်များ လင်းပြက်ရာ

သြဇာတောင်တန်း စိမ်းညို့ရီမှောင်

ခရမ်းနုရောင် တိမ်တိုက်တွေရွက်လွှင့်ကောင်းကင်

ပြင်သစ်လိုအနုပညာထွန်းကားတဲ့မြို့ ။

ဘုရားသခင်က

လိင်

ယင်ကောင်

စစ်ပွဲနဲ့အတူ

ဒီမြို့ကိုလည်း လက်ဆောင်ပေးခဲ့တယ် ။

ရှေ့မှာ…….

ရွှေရောင်တလက်လက်ထနေတာ

အနော်မာ ဗော်လဂါ တို့လို

ရာဇ၀င် ရှိသောမြစ်ပါကွဲ့

သူ့စီးဆင်းမှု့

အနားသတ်မျဉ်းးဟာ

သီချင်းတွေ အော်ဆိုနေတဲ့ ပင်လယ်ဖြစ်တယ်…။ ။

( ချမ်းငြိမ်းအေး ၊ ကလျာ မဂ္ဂဇင်း)

No comments: