ဓာတ်ကြိုးတွေပေါ်မှာ…
ပလက်ဖောင်းတွေပေါ်မှာ…
အိမ်ခေါင်မိုးပေါ်မှာ
ခိုတွေ……
သူတို့စောင့်စားနေကြ..၊
အရောင်တဖျပ်ဖျပ်လက်နေတဲ့ ပဲစေ့တွေ
ပဲစေ့တွေဟာ သူတို့စိတ်ပေါ်မှာလာတင်နေတဲ့ ကမ္ဘာလား
သူတို့တူးဖော်နေတဲ့အိပ်မက်ရဲ့ သော့ဟာ
ပဲစေ့တစ်စေ့လား…..
ခိုတိုင်းခိုတိုင်းဟာ
ပဲစေ့တွေကို
သူတို့အိပ်ရာပေါ်အထိဆွဲတင်ချင်ကြ
ဆာလောင်နေတဲ့ ခိုတစ်ကောင်ဟာလည်း
ယောက်ယက်ခတ်နေတဲ့
ပဲစေ့တစ်စေ့ပဲလား
သူတို့စိတ်ကူးအိမ်ထဲ
ကမ္ဘာလုံးထက်ကြီးတဲ့ပဲစေ့တွေ
ခြေကျင်းဝတ်ထိ တဖြောက်ဖြောက်ပြုတ်ကျလာကြ
ခိုတွေရဲ့အတောင်ပံခတ်သံဟာ
နေရောင်ခြည်ကို “မ“ တင်လိုက်ပြီး
ရွှေရောင်ပဲစေ့တစ်စေ့လို တဖြည်းဖြည်းမြောက်တက်သွား
“ဗေသိုဗင်“ ရဲ့စန္ဒရားခလုတ်ပေါ်မှာ
တဖြန်းဖြန်းကျကွဲလို့
ခိုတွေ………။ ။
No comments:
Post a Comment