ပင်လယ်သွားသားငယ်သို့
ဘ၀ပင်လယ် အပြောကျယ်စွ
သားငယ်လှော်ခတ်သွားလေပြီ။
ရေသစ်မြေသစ် နိုင်ငံသစ်သို့
တစ်ဆစ်တစ်ကွေ့  သားငယ်တွေ့ လိမ့် 
အမေ့ကိုလွမ်း အိမ်ကိုလွမ်းနှင့် 
အလွမ်းဝေေ၀ ကမ်းပြေပြေ၌
ညနေရီစ ကျောက်ဆူးချလိမ့် 
ဗုဒ္ဒစကား ဦးထိပ်ထား၍
သားငယ်ကြည်လင် အိပ်ရာဝင်လိမ့် 
ရေပြင်လှိုင်းကြွ ဥရောပ၀ယ်
အလှပျော်မွေ့  ဘယ်သို့ တွေ့ လည်း
မမေ့ နိုင်ရှာ ကိုယ့် ပြည်ရွာကို
ရံခါတမ်းတ သတိရလိမ့် 
မိဖနွမ်းပါး ဥစ္စာရှားသော်
သားကောင်းပီပီ လုပ်ကျွေးမည်ဟု
သားချစ်မြင့် မြတ် ကမ္ဘာပတ်၍
မြန်ရပ်အမြန်ရောက်စေသော်။
No comments:
Post a Comment