Monday, April 28, 2008


” မြစ် ”

ရေကိုကြည့်ချင်လို့ ရေကိုမြင်ချင်လို့

မြစ်ကမ်းနဖူးကို အရောက်လာခဲ့တယ် ။

ရေစီးသန်တဲ့အချိန် ရေကြီးချိန်

” ဟေရာကလိုက်တပ်စ် ” ကိုသတိတရနဲ့

မြစ်ရေတသွင်သွင် စီးနေတာ ကြည့်မ၀ခဲ့ ။

မြစ်ကိုအစမှအဆုံးတိုင်ကြည့်ရင်း

ငါ့ဘ၀အမျိုးမျိုး ပြောင်းလဲလာခဲ့တဲ့တစ်လျောက်…

ကိန်းဂဏန်းတွေလို သုညလို

ကလေးတွေလို ပန်းပွင့်လို

တိမ်လိုလေလို ပေါ့ပါးနိုင်ခဲ့သလား ။

မြစ်ရေတွေ တသွင်သွင်စီးဆင်းနေသလို

ငါတသွင်သွင်စီးချင်ရဲ့ ။ ။

( ထွန်းဝေမြင့် )

No comments: