Monday, April 28, 2008


ရိုးမြေကျ ပိတောက်“

ဖွင့်လိုက်တယ်….

ပြတင်းပေါက် တစ်ခုလုံး ၀ါထိန်သွားရော ၊

ရထားတစ်စင်းလုံး…

ဟယ်လင် မင်းသမီးတွေချည်း ပါသွားသလို

လှလိုက်တာ……….၊

စစ်အတွင်း

မီးရထား ဘူတာရုံကလေးရှေ့

စက်ခေါင်းတွေ အဖေမောင်းတုန်း

အမေ စိုက်ခဲ့တယ်လေ…..။ ။

( အောင်ဝေး )

No comments: