Tuesday, May 6, 2008

ကာရန်မဲ့ငိုကြွေးသံ

သူငယ်ချင်း ငါတို့တွေဟာ
အမှတ်တမဲ့နဲ့ မြစ်ဆုံတစ်နေရာမှာ
တွေ့ဆုံခဲ့တဲ့ သစ်တုံးလေးတွေလိုဘဲ
ရည်ရွယ်ချက် အမျိုးမျိုးနဲ့
တွေ့ဆုံလိုက် ခွဲခွာလိုက်နဲ့
ဘ၀ခရီးတွေကို
ပင်ပန်းဆင်းရဲမှုတွေနဲ့အတူ
ကုန်ဆုံးခဲ့ရပါလား........

ဒါပေမဲ့ ငါတို့တွေ
နေက်ဆုံးခွဲခွာ သွားတဲ့အချိန်မှာ
မင်းကိုနှုတ်ဆက် သွားစေချင်တယ်
မင်းတိတ်ဆိတ်စွာနဲ့
ထွက်ခွာသွားချိန်မှာ ငါတို့ရင်ထဲမှာ
ဖြူစင်မှုနှင့်အတူ ကာရန်မဲ့စွာနဲ့
အကန်းမျက်ရည် လို
စီးဆင်းနေခဲ့ပါလား ...................

ကာရန်လေး

No comments: