အဝေးကို ပြေးထွက်သွားသော အတောင်ပံ တစ်စုံ
သေခြင်းတရား...
သင်ကား...
ငါ့ဘ၀ အတွင်းအနန္တကြေကွဲမှု့ကြီးက
သင့်နောက်ပါး၌
ထားရစ်ခဲ့ပြီ။
သင်သည် ငါ့အတွေးမိုးကုတ်စက်ဝိုင်းကို
သင်၏ခွဲခွာခြင်းဟူသော
နေ၀င်ဆည်းဆာရောင်တို့ဖြင့် 
့ဆေးခြယ်သခဲ့ပြီ။
ဝသုန်ဤမြေနှင့်
အချစ်၏ သုခလမ်းတို့ကြား
မျက်ရည်လမ်းကို ခင်းခဲ့ပြီ။
သင်၏
ပျူငှာနွေးထွေးသော
လက်အစုံကြား
ဖက်ပွေ့ထားပြီး သကာလ
နေခြင်း နှင့် သေခြင်းသည်
ငါထံတွင်
နှစ်ပါး အချစ်ဓာတ်ဖြင့်
စုလျားရစ်ပတ်ခဲ့ကြပြီ။
ကိုယ့်လောက က မင်းစွန့်ခွာသွားခဲ့တာ
ကိုယ့်ဘ၀ ပင်ခြေမှာ အမြစ်တွယ်နေဖို့ပါ။
ဒါကြောင့်မို့
မေ့ပျောက်တယ်ဆိုတာ
ကိုယ့်နက်ရှိုင်းမှု့ထဲမှာ
ကိုယ်ဆုတ်နှစ်သွားလေရောတဲ့
အောက်မေ့တသမှု့ဟာ ဖြစ်ပါတယ်။
မင်းဟာ
ကိုယ့်တေးသီချင်းတွေရဲ့ ရှေ့မှာ
ရှိမနေတော့ဘူး။
ကိုယ့်တေးသီချင်းတွေနဲ့
တပူးတပေါင်းတည်း ဖြစ်သွားပြီ။
မင်းဟာ
ကိုယ့်ဆီကို
အရုဏ်ရောင်ခြည်ဦး နဲ့ အတူ
ရောက်လာခဲ့တယ်
ကိုယ်က မင်းကို
ညနေခင်း နောက်ဆုံးရွှေရည်နဲ့
အတူ လက်လွှတ်ခဲ့ရတယ်။ ။
Wrote by : တဂိုး
ကဗျာကိုကိုယ်တိုင်ရေးဖို့မအားသေးလို့ကြိုက်နှစ်သက်တဲ့ကဗျာလေးတွေကိုသင်ပေးလိုက်ပါတယ်..
Subscribe to:
Post Comments (Atom)
No comments:
Post a Comment